အူရီဒူးအင်တာနက် ဒေတာသုံးစွဲမှု၁၀ ကျပ်သို့ တစ်လစမ်းသပ်လျှော့ချ

အူရီဒူးအင်တာနက် ဒေတာသုံးစွဲမှု၁၀ ကျပ်သို့ တစ်လစမ်းသပ်လျှော့ချ

မေစနိုး၊ ရန်ကုန်၊ သြဂုတ်-၃၀

အူရီဒူး၏ အင်တာနက်နှုန်းထားကောက်ခံမှုများကိုData
သုံးစွဲမှု 1MB ယခင် ၂၅ ကျပ်မှ၁၀ကျပ်သို့ သြဂုတ် ၃၁ရက်မှ တစ်လ
တာကာလအတွင်း စမ်းသပ်အသုံးပြုရန် ပြောင်းလဲလျှော့ချပေးသွား
မည် ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်တွင်အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိ
ချုပ်တစ်ဦးဖြစ်သူ Mr. Ross Cormackကပြောဆိုခဲ့သည်။

ယင်းကဲ့သို့ပြောင်းလဲလျှော့ချပေးမှုသည် အူရီဒူး၏ အင်တာနက်
နှုန်းထားများ မြင့်မားမှုရှိကြောင်းသုံးစွဲသူများ၏ ဝေဖန်သံများကို
နားထောင်၍ အဆင်ပြေစေမည့်သက်သာနှုန်းထားတစ်ခုကိုပြောင်းလဲ
ကာ စမ်းသပ်သုံးစွဲစေခြင်းဖြစ်ကြောင်းသိရသည်။

'သြဂုတ် ၃၁ရက်မနက် ၆နာရီကစပြီးတော့ အူရီဒူးဆင်းကတ်
သုံး စွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ဖုန်းထဲကအရင်လက်ကျန် ဖုန်းဘေလ်အပါ
အ၀င် ငွေဖြည့်ကတ်အသစ်ထည့်လိုက်သူတွေပါ အင်တာနက်နှုန်းထား
1MB ၁၀ ကျပ်နဲ့ စတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒါက တစ်လတာကာလ
အတွင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကသုံးစွဲသူတွေဘက်ကလာတဲ့ အသံ
တွေကို နားထောင်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ။
စမ်းသပ်ကာလ ပြီးသွားရင်လည်းအသုံးပြုမှုကအဆင်ပြေ၊ မပြေဆိုပြီး
အပြင်ကလာမယ့်ဝေဖန်သံအကြံပြုသံတွေကို နားထောင်ပြီးတော့ အကောင်း
ဆုံး ဆောင်ရွက်သင့်တာတွေကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ'ဟု
အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ Mr. Ross Cormack
က ပြောဆိုသည်။

ယခုကဲ့သို့ကောက်ခံခြင်းများသည် နိုင်ငံတကာတွင် ကောက်ခံ
သည့် နှုန်းထားများအတိုင်း ကောက်ခံထားခြင်း ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ပြောင်းလဲကောက်ခံမှုနှုန်းထားသည် စမတ်ဖုန်းအသုံးပြုပြီး
အင်တာနက်ကိုအချိန်ကြာကြာအသုံးပြုလိုသူများနှင့်စာတိုများ မကြာခဏ
ပို့လိုသူများအတွက် ပိုမိုအဆင်ပြေနိုင်မည့် နှုန်းထားဖြစ်ကြောင်းသိရ
သည်။ အထူးသဖြင့် အင်တာနက်လိုင်းကိုဖွင့်ပိတ်လုပ်နေရန် မလိုအပ်
တော့ဘဲ အချိန်ပြည့်အခမဲ့ဖွင့်ထားနိုင်မည်ဖြစ်ပြီး သုံးစွဲသည့်ပမာဏအပေါ်
ကိုသာ ကောက်ခံ သွားမည်ပုံစံ ဖြစ်သောကြောင့် အဆင်ပြေနိုင်မည်ဖြစ်
ကြောင်း သိရသည်။

'တကယ်တော့ အင်တာနက်ကို ပုံမှန်ပဲ အသုံးပြုနေတယ်ဆိုတဲ့သူ
တွေအတွက်ကတော့ အင်တာနက်နေ့စဉ်(သို့)အပတ်စဉ် အသုံးပြုမှု
အစီအစဉ်ကိုပဲသုံးတာပိုကောင်း တယ်။ဒေါင်းလုဒ်ချတာမျိုး၊ ဖိုင်ဆိုက်ကြီး
တဲ့မေးလ်တွေပို့ရတဲ့သူတွေအတွက်တော့ လစဉ်အသုံးပြုမှုအစီအစဉ်က
ပိုသင့်တော်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်က ဖိုင်တစ်ခုကိုဒေါင်း
လုဒ်မချခင် အဲဒီဖိုင်ဆိုက်ဘယ်လောက်ကြီးတယ်ဆိုတာကို သိထား
ရင် ပိုကောင်းပါတယ်။ နောက်ပြီးတော့ အင်တာနက်လိုင်းဖွင့်လိုက်တာ
နဲ့သူ့ဘာသာသူ Auto downloadလုပ်နေတတ်တဲ့အပလီကေး
ရှင်းတွေရှိနေတဲ့အတွက် ကိုယ့်ရဲ့စမတ်ဖုန်းSettingကိုလည်း အရင်
ကြိုပြီး ချိန်ထားဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ်ဒေါင်းလုဒ်မလုပ်ဘဲ အင်တာ
နက်နှုန်းထားတွေ ပိုဖြတ်တောက်မှုရှိတယ်ဆိုပြီး အထင်မှားနိုင်လို့ပါ'ဟု
Mr. Ross Cormackကပြောသည်။

အူရီဒူးဆင်းကတ်အသုံးပြု၍အင်တာနက်အသုံးပြုရာတွင် အသုံး
ပြုမရခြင်း၊ လိုင်းမကောင်းခြင်းများကြုံတွေ့နေရသည့်သုံးစွဲသူများထံမှ
ဝေဖန်ပြောဆိုမှုများကို ပြန်လည်လက်ခံနားထောင်ပြီး ဆက်သွယ်
ရေးBase Stationများကို ထပ်မံတိုးချဲ့ဆောင်ရွက်နေကြောင်း ၊အူရီဒူး
အနေဖြင့် ဆက်သွယ်ရေးလိုင်စင်ရစဉ်ကတည်းက မြန်နှုန်းမြင့်အင်တာ
နက်စနစ်နှင့် Dataများဒေါင်းလုဒ်ချနှုန်း ကောင်းမွန်စေရန်အတွက်
ဆောင်ရွက်ပေးမည်ဟု ပေးထားသည့်ကတိအတိုင်း ဆက်လက်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံပြောဆိုခဲ့သည်။



Comments

Popular posts from this blog

Call Blocker 5

viber v 5.0.0.4090

music player v6.1.12