မြန်မာ့ဆက်သွယ်ရေး (အမ်ပီတီ) ဆင်းမ်ကတ် စက်တင်ဘာ ၁ ရက်မှ စ၍ ကျပ် ၁၅၀၀ ဖြင့်ရောင်းမည်
မြန်မာ့ဆက်သွယ်ရေး (အမ်ပီတီ) ဆင်းမ်ကတ် စက်တင်ဘာ ၁ ရက်မှ
စ၍ ကျပ် ၁၅၀၀ ဖြင့်ရောင်းမည်
မေစနိုး၊ ရန်ကုန်၊ သြဂုတ်-၃၀
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဆင်းမ်ကတ်များကိုငွေကျပ် ၁၅၀၀ နှုန်းဖြင့်
တစ်နိုင်ငံလုံးရှိ လက်လီအရောင်းဆိုင်များ၌ စက်တင်ဘာ ၁ ရက်မှစတင်
ရောင်းချပေးသွားမည်ဖြစ်ကြောင်းသြဂုတ် ၃၀ ရက်တွင်မြန်မာ့ဆက်သွယ်
ရေးလုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက စံတော်ချိန်
သို့ ပြောဆိုခဲ့သည်။ ယခုကဲ့သို့ရောင်းချခြင်းသည် အရေအတွက် ကန့်သတ်
မှုများဖြင့် ၀ယ်ယူနေရသည့် သုံးစွဲသူများကို အကန့်အသတ်မရှိ ၀ယ်ယူနိုင်
စေရန်အတွက် သက်သာသောနှုန်းထားဖြင့် စတင်ရောင်းချပေးသွားရန် စီ
စဉ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"အရင်တုန်းကပြည်နယ်နဲ့တိုင်းတွေမှာအရေအတွက်နဲ ကန့်သတ်ရောင်းချခဲ့
ပေမယ့် ခုတော့စိတ်ကြိုက်ဝယ်ယူနိုင်အောင် စီစဉ်ပေးလိုက်တာဖြစ်ပါတယ်။
ဒီလကနေစပြီးတော့နောက်ပိုင်းလတွေမှာလည်းလိုသလောက်ဝယ်နိုင်ပြီဖြစ်
ပါတယ်။ သတ်မှတ်ထားတဲ့ ဖောင်လေးတစ်ခုဖြည့်ပြီးတာနဲ့ ၀ယ်ယူလို့ရပါပြီ။
မှတ်ပုံတင်ကတ်တစ်ကတ်ကိုဘယ်လောက်ဆိုပြီး သတ်မှတ်မထားပါဘူး။
ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ၀ယ်နိုင်ပါတယ်။ ဆင်းမ်ကတ်ချထားပေးတဲ့
အရေအတွက်ကတော့ လောလောဆယ်မှာ ခွဲတမ်းထက်ပိုသော ပမာဏချ
ထားပေးတယ်လို့ပဲ ပြောချင်ပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောဆိုသည်။
ယခုကဲ့သို့ ဆင်းမ်ကတ်တိုးချဲ့ရောင်းချမှုများကြောင့် မြန်မာ့ဆက်သွယ်ရေး
ဆင်းမ်ကတ်သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ လျှော့ချပေးနိုင်
ရန်လည်းမျှော်လင့်ထားကြကြောင်းသိရသည်။ ထို့ပြင်မြန်မာဆက်သွယ်ရေးမှ
မူရင်းဈေးနှုန်းကျပ် ၁၅၀၀ ဖြင့် ရောင်းချသော်လည်း ပြင်ပပေါက်ဈေးတွင်
ကျပ် ၁၅၀၀ ထက်ပို သောဈေးနှုန်းများဖြင့် ရောင်းချမှုများရှိလာမည်ကိုလည်း
စိုးရိမ်မှုများရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးဆင်းမ်ကတ်သုံးစွဲသူများထံမှ
သိရသည်။
"လောလောဆယ်တော့ ပြည်သူတွေ စိတ်ကြိုက်ဝယ်ယူသုံးစွဲနိုင်ဖို့အတွက်ချ
ထားပေးလိုက်တာပါ။ ပြင်ပပေါက်ဈေးမှာ ကျပ်၁၅၀၀ ထက်ပိုတာတွေ ဘာ
တွေရှိလာနိုင်ပေမယ့် ဖြစ်လာမယ့်အချိန်ကျမှ ဖြေရှင်းဖို့စဉ်းစားပါ့မယ်။ ဒါမျိုး
က အူရီဒူးဆင့်မ်းကတ်တွေ စရောင်းတုန်းကလည်းဖြစ်တာပါပဲ။နောက်ပိုင်း
တည်ငြိမ်သွားတာပဲဆိုတော့ ဒီလိုတွေဖြစ်လာမှ ဘာဆက်လုပ်မလဲဆိုတာ
စဉ်းစားသွားပါ့မယ်။လောလောဆယ်တော့ဆင်းမ်ကတ်တွေတိုးရောင်းပေမယ့်
ဆက်သွယ်ရေးကဖုန်းဘေလ်လျှော့ချပေးဖို့ရှိ၊မရှိဆိုတာကိုပြောဖို့ကတစ်ပိုင်း
ဖြစ်နေသေးတယ်။ နောက်ပိုင်းကျရင် ထုတ်ပြန်ပြောဆိုပေးသွားပါ့မယ်" ဟု
၎င်းကပြောဆိုသည်။
ယခုကဲ့သို့ရောင်းချလိုက်ခြင်းကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ
ဆောင်ရွက်ခြင်းဖြစ်ပြီးရန်ကုန်၊မန္တလေး၊နေပြည်တော်အပြင်ကချင်၊ ကယား၊
ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း စသည့်ပြည်နယ်များနှင့် ပဲခူး၊စစ်ကိုင်း၊ဧရာဝတီ နှင့်
တနင်္သာရီနတိုင်းဒေသကြီးတို့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ယင်းသို့ ရောင်းချပေးမည့် အကြောင်းအရာကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း
မှ သြဂုတ် ၃၀ ရက်ထုတ် ကြေးမုံသတင်းစာတွင် တရားဝင်ထည့်သွင်းထုတ်ပြန်
ခဲ့ခြင်းဖြစ်ပြီးအသေးစိတ်မေးမြန်းရန်ဖုန်းနံပါတ် ၁၀၆ သို့ဆက်သွယ်နိုင်ကြောင်း
ကြေညာထားသော်လည်း စံတော်ချိန်မှ ယင်းနံပါတ်သို့ သြ ဂုတ် ၃၀ ရက်ညနေ
၃ နာရီ ၁၅ မိနစ်၌ ဆက်သွယ်မေးမြန်းရာ သတင်းစာ၌ကြေညာထားချက်ထက်
ပို၍ မသိရှိကြောင်း၊သတင်းစာကြေညာချက် အတိုင်းသာကြည့်၍ ဖြေကြားနေ
ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားခဲ့သည်။

Comments
Post a Comment